ချမ်းအေးသာစံမြို့နယ်တွင် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

ချမ်းအေးသာစံ စက်တင်ဘာ ၁၂

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် သွားရောက်ယှဥ်ပြိုင်နိုင်ရန်အတွက် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို  မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော်မှ ဦးဆောင်ကာ ကျင်းပဆောင်ရွက်ခဲ့သည်။

စာစီစာကုံးပြိုင်ပွဲကျင်းပရာတွင် အထက်တန်းအဆင့်အနေဖြင့် “နှလုံးသား၊ ဦးနှောက်ဖွံ့ဖြိုးဖို့ ဒို့တွေစာဖတ်စို့” ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး၊ အလယ်တန်းအဆင့်အတွက် “အသိဥာဏ်ပညာဖွံ့ဖြိုးဖို့ စာကြည့်တိုက်ကို သုံးကြစို့” ခေါင်းစဥ်ဖြင့်  ကျောင်းသား၊ ကျောင်းသူ (၆၆) ဦး စုစုပေါင်း ကျောင်းသား (၉၃) ဦး ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)