သံဖြူဇရပ်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ပညာ့ဂုဏ်ရည်) ခန်းမ၌ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ် စက်တင်ဘာ ၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၂) အ​ခြေခံပညာအထက်တန်း​ကျောင်း (ပညာ့ဂုဏ်ရည်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူ လေးများက "ပညာရည်ရည်ထူးခွန်လူရည်မွန်" သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး မြို့နယ်ပညာရေးမှူး ဦးမင်းအောင်ဝင်းနှင့် အငြိမ်းစာ​ကျောင်းအုပ်ဆရာကြီး ဦးစံ​သောင်းတို့က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်သန်းမြင့်က မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ​ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)