သထုံ စက်တင်ဘာ ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးရှင်းလင်းရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်နိုင်က သထုံမြို့နယ်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များအား ၂၀၂၅ ခုနှစ်အတွက် အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်တို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် အခွန်ထမ်းလုပ်ငန်းရှင်တို့ သိလိုသည့် မေးမြန်းခြင်းတို့ကို ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)