ကျောက်တန်းမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာ၀န်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကျောက်တန်း မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာ၀န်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ အဖွင့်အမှာစကားပြောကြားကာ ကျောက်တန်းမြို့နယ် ပြည့်သူလွှတ်တော်ကိုယ်စားလှယ်ဦးနိုင်၀င်း၊ တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမင်းမိုး၊ တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်တို့မှ စီမံကိန်းတာ၀န်ပေးအပ်ခြင်းနှင့်ပတ်သက်ပြီး အသီးသီးပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာ၀န်များအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် တာ၀န်ရှိသူများမှပေးအပ်ခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)