ကလော မေ ၁၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူတို့သည် ကလောမြို့တွင်း သောက်သုံးရေဖြန့်ဝေပေးနေသည့် ရေအေးကန်ဆည် တမံကြံ့ခိုင်မှုနှင့်ပေးဝေမှုအခြေအနေ၊ မောမြေဦးပန်းခြံအတွင်း ပြည်သူများအပန်းဖြေလာ ရောက်အနားယူကြသည့် ကလေးကစားကွင်း၊ စာကြည့်တိုက်၊ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ရန် အားကစားပစ္စည်းများတပ်ဆင်ထားရှိမှု၊ ကလောဘူတာအနီးခရီးသွားများ အမှတ်တရဓါတ်ပုံရိုက်ကူးကြသည့် We Love Kalaw ဆိုင်းဘုတ်နှင့်လျှောက်လမ်းများ၊ ကလောချောင်းရေစီးရေလာကောင်းမွန်ခြင်းရှိ/မ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ကလောမြို့စည်ပင်သာယာရေးဌာန၊ အစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ရက်(၁၀၀)စီမံချက်ဖြင့် လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်မည့် လုပ်ငန်းများအား power point ဖြင့် ရှင်းလင်းတင်ပြရာ လိုအပ်ချက်များအပေါ် ဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် လွယ်အံကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာရှိ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသည့် ရေထွက်များအားလည်းကောင်း၊ အောင်ပန်းမြို့ပန်းခြံနှင့် ဟဲဟိုးမြို့ အင်းခေါင်းဆည်မှဟဲဟိုးမြို့ပေါ် သောက်သုံးရေရရှိရေးအတွက် ဆက်လက်လုပ်ဆောင်ရမည့် အခြေအနေများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)