နတ်မောက်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ရက်(၁၀၀)အတွင်း မိုရာသီစံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးစေ့ထုတ်တောင်သူများ မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် ပံ့ပိုးပစ္စည်းများပေးအပ်ပွဲ ကျင်းပ

နတ်မောက် မေ ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)အတွင်း မိုးရာသီစံပြကွက်၊ စမ်းသပ်ကွက်နှင့်မျိုးစေ့ထုတ်တောင်သူများ မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကို ယမန်​နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လတ်မိုးတို့က အမှာစကားများပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက နတ်မောက်မြို့နယ်၌၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်တွင် သီးနှံစုံစုစုပေါင်းစိုက်ဧက(၆၁၇၆၉၂)လျာထား သတ်မှတ်စိုက်ပျိုးမည်ဖြစ်ပြီး အဓိကသီးနှံ(၁၄)မျိုးအနက်မှ စပါး(၂၇၃၄၀)ဧက၊ မြေပဲ(၅၈၉၀၁)ဧက၊ နှမ်း(၁၉၂၈၅၄)ဧက၊ နေကြာ(၃၉၀၈၀)ဧက၊ ပဲတီစိမ်း (၁၀၃၈၉၆)ဧက၊ ပဲစဉ်းငုံ(၄၈၃၉၇)ဧက၊ မတ်ပဲ(၁၅)ဧက၊ ချည်မျှင်ရှည်ဝါ(၃၀၆၄၂)ဧက၊ ကြက်သွန်နီ (၂၃၂)ဧက လျာထားသတ်မှတ်၍ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ရက်(၁၀၀)ကာလအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံစပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဥ်းငုံ၊ ချည်မျှင်ရှည်ဝါ၊ ပိုက်ဆံလျှော် ပညာပေးစံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးသန့်မျိုးစေ့တိုးတက်ထုတ်လုပ် စိုက်ပျိုးနိုင်ရေးအတွက် မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်လတ်မိုး၊ မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီဝင်များက တက်ရောက်လာကြသည့်ကျေး​ရွာအုပ်စု(၂၈)အုပ်စုမှ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးမည့်တောင်သူ(၇၁)ဦးတို့အား မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် ပံ့ပိုးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာများရှိတောင်သူများ လူဦးရေစုစုပေါင်း(၉၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း