မုဒုံ မေ ၁၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းတို့ကို ယမန်နေ့က ရပ်ကွက်/ ကျေးရွာများ၌ လိုက်လံဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ ရေတွင်း၊ ရေကန်၊ ရေစည်နှင့် မိုးရေတင်ကျန်လျက်ရှိသည့် ဘူးခွံ၊ ခွက် ခွံ၊ တာယာအဟောင်းများစသည့် ခြင်ကျားလောက်လန်းများ ပေါက်ပွားနိုင်သည့်နေရာများ၊ ရေဝပ်ရာနေရာများတို့တွင် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး/သွန်/လဲ/စစ်စသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)