သန်လျင်မြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ရန်ကုန် မေ ၁

သန်လျင်ခရိုင် သန်လျင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲနွားများအား ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာအနောက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါကျွဲနွားများအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများက လည်ချောင်းကွဲ၊ ပေါင်ပုပ်လက်ပုပ်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးရာသို့ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီမှူး ဒေါက်တာမောင်လင်း၊ သန်လျင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့်ကော်မတီဝင်များ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာသိန်းသိန်းဦး၊ ဘုရားကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကျန်ရှိသော ကျေးရွာများသို့ ကွင်းဆင်း၍ ကျွဲ၊ နွား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ