ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ပြည်ကြီးတံခွန် မေ ၁၄

 မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းကစတင်၍ စက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ သိုလှောင်ရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။      

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့၀င် ရှစ်ဦးနှင့် စက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ 191 report application ထည့်သွင်းပေးခြင်း၊ မီးဘေးကြိုတင်ကာကွယ် ရေးပစ္စည်းများအား သတ်မှတ်ချက်နှင့် ပြည့်မီ‌စွာထားကြရန် မှာကြားခဲ့ကြောင်း  မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)