နတ်တလင်း မေ ၁၄
ပြည်ထောင်စုအစိုးရအဖွဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ နတ်တလင်းမြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို မေလ ၁၂ ရက်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နတ်တလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ချေးငွေအကြံပေးဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး နတ်တလင်းမြို့နယ်ဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်ခင်မာဆွေမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် နတ်တလင်းမြို့နယ်မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ရာနှုန်းပြည့်ပြေကျေသည့် ဂျိတ်တောကြီးကျေးရွာအုပ်စုအား ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းနှင့် ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့ပြီး ဂျိတ်တောကြီးကျေးရွာအုပ်စု ဘဏ်ချေးငွေစိစစ်ရေးဥက္ကဋ္ဌ ဦးမြင့်စိန်မှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)