မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနား ပြုလုပ်

မြစ်သား မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးသိန်းဝင်းက ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွေ့ဆုံပွဲ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးသိန်းဝင်းက ငါးလုပ်ငန်းနှင့် ပတ်သက်၍ အခွန်အခများ ပြည့်အဝ ရရှိစေရေး၊ လက်ရှိ အသုံးပြုနေသော နေရာသည် လယ်ယာမြေများကို အခြားနည်း အသုံးပြုခွင့် ရှိ/မရှိ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်စေမှု ရှိ/မရှိတို့အား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ ငါးလုပ်ငန်းရှင် တစ်ဦးချင်းထံမှ ပြောကြားချက်ရယူခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ တမာပင်ကျေးရွာအုပ်စုရှိ ဦးကျော်နိုင်၏ ငါးမွေးမြူရေးကန်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး  ထို့မှတစ်ဆင့်  ကသဲကုန်းကျေးရွာအုပ်စုရှိ   ဦးရွှေဝင်း၏   ငါးမွေးမြူရေးကန်သို့လည်း    သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးသိန်းဝင်းနှင့် အဖွဲ့ဝင်များ ၊ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့် အဖွဲ့ဝင်များ၊ ကူမဲမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောအောင်ကိုလတ်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ မြို့နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။  

ဝင်းမင်းထွန်း(မြစ်သား)