ကျိုက်ထို မတ် ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်သည့် ဘုရားဖူး ပြည်သူများအား မွန်ရိုးရာအကဖြင့် ဖျော်ဖြေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မတ်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် နှစ်(၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အခမ်းအနားတွင် သွားရောက်ယှဉ်ပြိုင်မည့် ကျိုက်ထိုမြို့နယ် မွန်းရိုးရာအကအဖွဲ့မှ” မွန်ပြည်နယ်အတွင်းရှိ ဘုရားစေတီများအား လာရောက်ဖူးမြော်နိုင်ပါကြောင်း” တေးသီချင်းဖြင့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူး ပြည်သူများအား ကပြဖျော်ဖြေ ခဲ့ကြသည်။
ကပြဖျော်ဖြေပွဲသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ မွန်ရိုးရာအကအဖွဲ့ ကြီးကြပ်သူများနှင့် အကမယ်များ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)