စဉ့်ကိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

စဉ့်ကိုင် မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင်တက္ကသိုလ်၀င်စာမေးပွဲ၏ မြန်မာစာဘာသာရပ်ကို  ယနေ့နံနက် (၉) နာရီမှစတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသား/သူများ တက္ကသိုလ်၀င်တန်းစာမေးပွဲ ဖြေဆိုနိုင်ရန် အ.ထ.က (စဉ့်ကိုင်)နှင့် အ.ထ.က(ပလိပ်) စာစစ်ဌာနနှစ်ခုရှိပြီး ယနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆိုသည့်နေ့တွင် အ.ထ.က(စဉ့်ကိုင်) စာစစ်ဌာနတွင်(၄၄၉)ဦး၊ အ.ထ.က(ပလိပ်) စာစစ်ဌာနတွင် (၁၁၃) ဦး စုစုပေါင်း(၅၆၂) ဦး ၀င်ရောက်ဖြေဆိုခဲ့ကြောင်း၊ မြို့နယ်အနေဖြင့် စာမေးပွဲဖြေဆိုခွင့် စာရင်းသွင်း ထားရှိသည့်  ကျောင်းတွင်းနှင့်ပြင်ပအပါအ၀င် ကျောင်းသား/သူ စုစုပေါင်း (၅၇၃) ဦးရှိပြီး ယခုလာရောက်ဖြေဆိုသူ (၅၆၂) ဦးရှိရာ ပျက်ကွက် (၁၁) ဦးဖြစ်ကြောင်း၊ အဆိုပါပျက်ကွက်သူ ကျောင်းသား/သူများမှာ ပြင်ပဖြေဆိုသူအများစုဖြစ်ကြောင်းနှင့် မြို့နယ်အနေဖြင့် စာမေးပွဲဖြေဆိုသူရာခိုင်နှုန်း ၉၈% ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်)