ငါန်းဇွန် မတ် ၁၁
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုလျက်ရှိသော ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ယနေ့နံနက် ၉နာရီ မိနစ်၃၀က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီးဇော်ဝင်းနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုနေကြသည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှုအားပေးကြပြီး စာစစ်ဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် ကြီးကြပ်ရေးမှုးများ၊ တာဝန်ရှိသူများ၏မေးခွန်း/အဖြေလွှာများ လုံခြုံရေးကဏ္ဍအလိုက်ဆောင်ရွက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကျောင်းဝင်းအတွင်း/အပြင် မီးဘေး၊လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ စနစ်တကျဆောင်ရွက်ထားရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)