ကျောက်တန်းမြို့နယ်၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ အမှတ် (၇) လုံခြုံရေးတပ်ဖွဲ့၀င်များနှင့် မိသားစု၀င်များအား မီးဘေးလုံခြုံရေး အသိပညာပေး ဆောင်ရွက်

ကျောက်တန်း မတ် ၁၁

ကျောက်တန်းမြို့နယ်၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ အမှတ် (၇) လုံခြုံရေးတပ်ဖွဲ့၀င်များနှင့် မိသားစု၀င်များ မီးဘေးလုံခြုံရေး အသိပညာပေးခြင်း ဆောင်ရွက်ခြင်းကို (၉.၃.၂၀၂၄) ရက်နေ့ နံနက် (၁၀) နာရီအချိန် အမှတ် (၇) လုံခြုံရေးတပ်ဖွဲ့ခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေး လက်တွေ့ သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊  မြို့နယ် ဦးစီးမှူး ဦးအောင်ကျော်၀င်းမှ ဦးဆောင်ပြီး မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့ မီးသတ်ဆေးဘူးဖြင့် သရုပ်ပြငြှိမ်းသတ်ခြင်း၊ နေအိမ်လိုင်းခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)