မော်လမြိုင်ကျွန်း မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်း အဖွဲ့ ဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံပွဲကို ကျွန်းကြီးကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာ၊ ရာဇူဒိုင်ကညင် ချောင်းကျေးရွာ၊ ကပ်ခိုကျေးရွာ၊ ကျွန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းစဥ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ (ကိုယ်စား) မြို့နယ်ဦးစီးအရာရှိ ဦးအောင်ဝေလင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ချမှတ်အကောင် အထည်ဖော် လျက်ရှိသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များကိုပြည်သူများ သိရှိနားလည် စေရေး ရှင်းလင်းခြင်း၊ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံရေးအား သတ်မှတ်သည့်အကြိမ် အရေအတွက်အတိုင်းထိုးနှံနိုင်ရေး အလေးထား ဆောင်ရွက်ရန်၊ နွေးစပါး၊ မိုးစပါး၊ နေကြာနှင့် ဆောင်းသီးနှံများအားသတ်မှတ် ကာလအတွင်းလျာထားချက်ပြည့်မှီကျော်လွန်အောင် စိုက်ပျိုး နိုင်ရေး၊ လယ်မြေ (၁)ဧကလျှင် စပါး (၁၀) တင်းနှုန်းပိုမိုထွက်ရှိရေး၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးစရိတ်ချေးငွေများအား ပြေကြေစွာပေး သွင်းနိုင်ရေး၊ သမဝါယမဦးစီးဌာန၏ ချေးငွေများအား ပြန်လည်ပေးဆပ်နိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်များကိုပူးပေါင်း ဆောင်ရွက်ရန်စသည့်အကြောင်းအရာများရှင်းလင်းဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်က ရပ်/ရွာအေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အထောက်အကူပြု အဖွဲ့များနှင့်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိရေး၊ အုပ်ချုပ်ရေးမှူးရုံး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနိကအဆောက်အဦများတွင် နေ့/ည လုံခြုံရေးချထားစေရေး ကိစ္စရပ် များရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲမှူး ဦးမင်းမင်း က ယာဥ်အန္တရာယ်ကင်းရှင်းရေး နှင့်ပတ်သက်၍ ယခင်နှစ်ထက် (၅၀)ရာခိုင်းနှုန်း လျှော့ချရေး အတွက်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တရားမ ဝင်သယ်ဆောင်မှုနှင့်လောင်းကစားမှုများ ပြုလုပ်မှုမရှိစေရေးစသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဒေသခံပြည်သူများ စုစုပေါင်း (၁၁၇၆) ဦးတက်ရောက် ခဲ့ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)