မအူပင်မြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မအူပင် မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နေ့လယ်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ-ထ-က (၁)ကျောင်းရှိ စာမေးပွဲဖြေဆိုနေသော ကျောင်းသားများ၊ မြို့မဈေးအတွင်း ဒေသခံပြည်သူများအား သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။ 

အဆိုပါ (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ကဗျာဆရာ မျိုးမြတ်မြတ်အောင်အောင် ရေးသားသော "ဆက်၍ချီပါ တပ်မတော်၊" ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း သိကောင်းစရာ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၏ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်း အနား၌ ပြောကြားသည့် မိန့်ခွန်းများပါဝင်ကြောင်း သိရသည်။

ခင်သန္တာထွေး