ကော့မှူး မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက ပြောကြားရာတွင် မကြာမီ ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် ပေါင်းစပ်ဆောင်ရွက်ရန်၊ မဟာသင်္ကြန်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်၊ လယ်ယာမြေအခြားနည်းအသုံးပြုမှုများရှိပါက တားမြစ်ဆောင်ရွက်သွားရန်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရန်၊ မျိုးစေ့ချကိရိယာ (seeder) များအသုံးပြု၍ သီးထပ်သီးနှံများ စိုက်ပျိုးပါက ရရှိလာမည့် အကျိုးကျေးဇူးများအား တောင်သူများသိရှိအောင် ရှင်းလင်းပြောကြားရန်၊ ပင်လယ်ကမ်းစပ်နှင့်နီးသော ကျေးရွာအုပ်စုများအနေဖြင့် ပင်လယ်ကူးသင်္ဘောများ ဖြတ်သန်းသွားရာနေရာများတွင် ငါးဖမ်းပိုက်များ မထောင်ကြစေရေး နှိုးဆော်ဆောင်ရွက်ရန်၊ပွင့် လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးလုံခြုံရေး သတိပြုဆောင်ရွက်ရန်၊ ကျေးရွာလုံခြုံရေး၊ လူပုဂ္ဂိုလ်လုံခြုံရေး အထူးဂရုပြုရန်၊ မိမိကျေးရွာအတွင်း ဧည့်စိမ်း၊ လူစိမ်းများ ရောက်ရှိလာပါက သတင်းပေးပို့ တင်ပြသွားရန်၊ မိမိရပ်/ ကျေးအတွင်းရေကင်း၊ မီးကင်းလုံခြုံရေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ လုံခြုံရေးပေါ့ဆမှုမဖြစ်ပွားစေရေး အထူးဂရုပြုဆောင်ရွက်ရန်၊ ဧည့်စာရင်းစစ်ဆေးရာတွင် ပြည်သူ့လုံခြုံရေးအဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ကျော်သူရ