တောင်ငူမြို့၌ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

တောင်ငူ မတ် ၁၅

၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က (၂) စာစစ်ဌာနတွင်   တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးသည်။

အဆိုပါ "သတင်းစကား" လက်ကမ်းစာစောင်တွင် (၇၉) နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ အမျိုးသားအကျိုးစီးပွားအတွက် ထမ်းဆောင်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် (၂၇-၃-၂၀၂၃) ရက်နေ့ (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ မျိုးမြတ်မြတ်မြင့်မောင်၏ အမြတ်ဆုံးဆု ကဗျာများစာအုပ်မှ "ဆက်၍ချီပါတပ်မတော်" ကဗျာ၊ ဆောင်ပုဒ်စသည့် အချက်များပါဝင်ပြီး သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ အခမဲ့ထုတ်ဝေခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ တပ်မတော်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)