ဖျာပုံ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)အောက် ကလေးများအား ထောက်ပံ့ငွေများ ပေးအပ် ရာတွင် ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများသို ယနေ့နံနက်ပိုင်း အချိန်တွင်ထောက်ပံ့ငွေများ လိုက်လံပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလအတွက် ထောက်ပံ့ငွေတစ်လလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် ဖျာပုံမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာ များရှိ ကိုယ်ဝန်ဆောင်(၂၄၇၄)ဦးနှင့် ကလေး (၃၃၀၆)ဦး စုစုပေါင်း (၅၇၈၀)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၈၆၇)သိန်းကျော်အား ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ထွေးကြည်နှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မတ်လ(၁၃) ရက်နေ့မှ စတင်၍ လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)