အုတ်တွင်း မတ် ၁၅
၂၀၂၄ ခုနှစ် မတ်လ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အုတ်တွင်း အ.ထ.ကမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးသည်။
အဆိုပါ “သတင်းစကား” လက်ကမ်းစာစောင်တွင် အမျိုးသားအကျိုးစီးပွားအတွက် ထမ်းဆောင်၊ (၇၉) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ၂၇-၃-၂၀၂၃ ရက်နေ့ (၇၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ မျိုးမြတ်မြတ်မြင့်မောင်၏ အမြတ်ဆုံးဆု ကဗျာများစာအုပ်မှ “ဆက်၍ချီပါတပ်မတော်” ကဗျာ၊ ဆောင်ပုဒ်စသည့် အချက်များပါဝင်ကြောင်း၊ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ အခမဲ့ထုတ်ဝေခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ တပ်မတော်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေမင်းရည်စော (ပြန်/ဆက်)