နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၅

၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉ နာရီက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များဖြစ်သည့် ပုဗ္ဗသီရိမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၉၀၃) ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၅၂) ရာခိုင်နှုန်း၊  ဥတ္တရသီရိမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၅၃၂) ဦး၊ ဇမ္ဗူသီရိမြို့နယ်တွင်  ကျောင်းသား ကျောင်းသူ စုစုပေါင်း (၈၃၀)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၀၆)ရာခိုင်နှုန်း၊ လယ်ဝေးမြို့နယ် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၉၅၉)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၄၁) ရာခိုင်နှုန်း၊ အသီးသီးဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများ မှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ပြန်/ဆက်