မုံရွာ မတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်ဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် တာဝန် ရှိသူများ လိုက်ပါလျက် မတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်း သား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒ/ပထဝီဝင်ဘာ သာရပ်ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်း သာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးထားရေး၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသမှုအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကြီးကြပ်ရေးမှူးများနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များရှိ စာစစ်ဌာန(၃၆)ခုတွင် တက္ကသိုလ် ဝင်စာမေးပွဲ ဓာတုဗေဒနှင့်ပထဝီဝင်ဘာသာရပ်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၄၄၃၆)ဦး ဖြေဆိုမှုရာခိုင်နှုန်း(၉၃.၈၂)ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)