ကလော မတ် ၁၇
မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်တဲ့အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ရာမှာလည်း သန္ဓေတပ်ဖွဲ့ဝင်များနဲ့အတူ ပူးပေါင်း၍ နည်းစနစ်မှန်မှန်အချိတ်အဆက်မိမိ ကျွမ်းကျင်စွာ ပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲက ဟိုတယ်အောင်ပန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အောင်ပန်းမြို့အုပ်ချုပ်ရေးမှူး ဦးထက်နိုင်လင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးသင်တန်းတွင် ထူချွန်ဆုရရှိသည့် သင်တန်းသားများနှင့် သင်တန်းဆင်းလက်မှတ်များကို ကလောမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဇော်နှင့် မြို့အုပ်ချုပ်ရေးမှူးတို့က ပေးအပ်ချီးမြှင့်ပေးခဲ့သည်။ အဆိုပါသင်တန်းတွင် ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့နှင့် ဘော်ဆိုင်းမြိုု့တို့မှ တပ်ဖွဲ့ဝင်သင်တန်းသား ၅၀ ဦးတို့ကို မတ်လ ၄ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)