တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ ယွန်းပညာကောလိပ် (ပုဂံ) တွင် လျှောက်ထားနိုင်

ဟိုပုံး မတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ ယွန်းပညာကောလိပ် (ပုဂံ) တွင် တက်ရောက်လျှောက်ထားနိုင်ရန်အတွက် အသိပညာ‌ပေးလက်ကမ်းစာစောင်နှင့် မြေစိုက်ဘုတ်စိုက်ထူခြင်းကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူးနှင့် ဝန်ထမ်းများက ယွန်းပညာကောလိပ် (ပုဂံ) တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ ယွန်းပညာကောလိပ် (ပုဂံ) တွင် တက်ရောက်လျှောက်ထားနိုင်ရန် အသိပညာ‌ပေးလက်ကမ်းစာစောင်နှင့် မြေစိုက်ဘုတ်စိုက်ထူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ အသိပညာပေးလက်ကမ်းစာစောင်နှင့် မြေစိုက်ဘုတ်တွင် ယွန်းပညာကောလိပ် (ပုဂံ) သမိုင်းအကြောင်းအရာများ၊ ယွန်းအတတ်ပညာ ဒီပလိုမာ (၂) နှစ်သင်တန်းတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့် အောင်မြင်ပြီးသူမဆို လျှောက်ထားနိုင်ကြောင်း၊ ယွန်းအတတ်ပညာကျွမ်းကျင် (၁) နှစ်သင်တန်းတွင် စနစ်ဟောင်းပညာရေး အခြေခံပညာအလယ်တန်းအောင်မြင်ပြီးသူ (သိုမဟုတ်) စနစ်သစ်ပညရေး KG+9 အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ကြောင်း၊ ယွန်းပညာကောလိပ် (ပုဂံ) တွင် ပေးအပ်သည့် ဘွဲ့၊ ပေးအပ်သည့် အောင်လက်မှတ်၊ ယွန်းပညာကောလိပ် (ပုဂံ) ၏ ဝန်ဆောင်မှု၊ ယွန်းအတတ်ပညာဒီပလိုမာ (၂) နှစ်သင်တန်းတွင် ယွန်းဘာသာရပ်များအပြင် စီမံခန့်ခွဲမှုပညာဘာသာရပ်များနှင့် သတင်းအချက်အလက်နှင့် နည်းပညာဘာသာရပ်တို့ကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ ယွန်းအတတ်ပညာကျွမ်းကျင်သူ (၁) နှစ်သင်တန်းတွင် ယွန်းဘာသာရပ်များကိုသာ သီးသန့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယွန်းအတတ်ပညာဒီပလိုမာ (၂) နှစ်သင်တန်းတွင် အောင်မြင်ပြီးသူများသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) နှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တို့၏ တတိယနှစ်သို့ ပေါင်းကူးတက်ရောက်သင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်း၊ အဆိုပါ ယွန်းအတတ်ပညာဒီပလိုမာ (၂) နှစ်သင်တန်းနှင့် ယွန်းအတတ်ပညာကျွမ်းကျင်သူ (၁) နှစ်သင်တန်း ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)