နမ့်စန်မြို့နယ်တွင် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲကျင်းပ

နမ့်စန် မတ် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်သော မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။

ထို့နောက် လူမှုကူညီရေးအသင်းအဖွဲ့များကိုယ်စား မိုးရိပ်ရှမ်းတောင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မတ်လ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍ၊ မီးဘေးအန္တရာယ်အပါအဝင် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များအကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံနှင့် ရှေးဦးသူနာပြုစုခြင်း စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ပြီး မြို့နယ်အတွင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း (၃) သင်းမှ အသင်းသားများ၊ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်ထံမှ သိရသည်။

သူရအောင်