သာကေတ မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် ဗဟုသုတများရရှိစေရန် ရည်ရွယ်ကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လစဥ်မပြတ် ကျောင်းအခြေပြု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပလျက်ရှိရာယနေ့နေ့လယ် ၁ နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံး (community centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ဖွင့်လှစ်သည့် (အခမဲ့) သင်တန်း တက်ရောက်သည့် ကျောင်းသားလူငယ်များနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးနည်းလမ်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆိုင်ရာများအားလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေက တိုင်းရင်ဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းများနှင့် တိုင်းရင်းဆေးအသုံးပြုပုံနည်းလမ်းများအားလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခင်ကောင်းစံ ကလူငယ်နှင့်အားကစားဆိုင်ရာများအားလည်းကောင်း အသီးသီး ဟောပြောခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေက ကျောင်းသားလူငယ်များအား ရာသီတုတ်ကွေးကာကွယ်နိုင်ရန်အတွက် တိုင်းရင်းဆေးများ ဝေငှပေးခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)