သတင်းများ

မိုင်းဖြတ်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့မှ စာဖတ်ဝိုင်း ကျင်းပ
Mar 21,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အနေဖြင့် လစဉ်စာဖတ်ဝိုင်းများကို ကျင်းပလျက်ရှိကြောင်း သိရသည်။ ​ယမန်​နေ့နံနက် ၁၀ နာရီအချိန်ကလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများပုံမှန်ထုတ်ပေး
Mar 21,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့နယ် နန္ဒာလမ်းနိုင်လွန်ကတ္တရာ အဆင့်မြှင့်တင်ခြင်းလမ်းသစ်ဖွင့်လှစ်
Mar 21,2024
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပြင်ဦးလွင်မြို့နယ် နန္ဒာလမ်း နိုင်လွန်ကတ္တရာအဆင့်မြှင့်တင်ခြင်းလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်နှင့် ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမ များနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။
လဟယ်မြို့၌ နွေရာသီအခြေခံ English Grammar နှင့်ပန်းချီသင်တန်းဖွင့်လှစ်
Mar 21,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံ English Grammar သင်တန်းနှင့်အခြေခံပန်းချီသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ရန်ကုန်အ​နောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာနတွင် စိတ်ကြိုက်ပန်းချီ​ရေးဆွဲခြင်းနှင့် ​ဆေး​ရောင်ခြယ်ပြိုင်ပွဲများကျင်းပ
Mar 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးမြင့်မားစေရန်ရည်ရွယ်၍ စိတ်ကြိုက်ပန်း ချီ​ရေးဆွဲခြင်း ပြိုင်ပွဲနှင့် ​ဆေး​ရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့ ​မွန်းလွဲ (၂) နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင် (ဗဟန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့​ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး
Mar 21,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက်(ပုဂံ)၌ ပုဂံဟိုတယ်မဟာဗျူဟာ(Bagan Hotel Strategy Scoping Study, June 2020) ရေးဆွဲနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၄) ကျင်းပ
Mar 21,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရှေးဟောင်းသုတေသနပြတိုက်(ပုဂံ)၌ ပုဂံဟိုတယ် မဟာဗျူဟာ (Bagan Hotel Strategy Scoping Study, June 2020) မူကြမ်းအပြီးသတ်ရေးဆွဲနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)ကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် နွေရာသီအခြေခံလူငယ်ဘောလုံးသင်တန်းဆင်းပွဲ ကျင်းပ
Mar 21,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့မှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံလူငယ်ဘောလုံးသင်တန်းဆင်းပွဲကို ယမန်နေ့က မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။