ဗိုလ်တထောင်မြို့နယ် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၉၉၃) ဦးတို့ ဒုတိယနေ့စာမေးပွဲဖြေဆို
Mar 20,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ကျောင်းတွင် အထူးပြုဘာသာရပ်များဖြစ်သော စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှု ပညာဘာသာရပ် (Business Management)၊ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာဘာသာရပ် (English for Professional Purpases)၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုပညာဘာသာရပ် (Tourism and Hosipitality Management)၊ သတင်းအတတ်ပညာဘာသာရပ် (Journatisn)၊ စီးပွားရေးနှင့်ဘာသာရေးဘာသာရပ် (Economics and Finance) တို့ကို မတ် (၁၈) ရက်နေ့မှစတင်၍ မတ် (၂၃) ရက်နေ့အထိ စာမေးပွဲကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း၊ ဖြေဆိုသည့်ကျောင်းသား (၂၂၇) ဦး၊ ကျောင်းသူ (၇၆၆) ဦး ဖြစ်ရာစုစုပေါင်း ( ၉၉၃) ဦးဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ကျောင်း၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။