သရက်ချောင်းမြို့နယ်တွင် နွေရာသီအခြေခံလူငယ်ဘောလုံးသင်တန်းဆင်းပွဲ ကျင်းပ

သရက်ချောင်း      မတ်      ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့မှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံလူငယ်ဘောလုံးသင်တန်းဆင်းပွဲကို ယမန်နေ့က မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းမှ အသက်(၉)နှစ်မှ (၁၄)နှစ်အတွင်းရှိ လူငယ်များ တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြများက အခြေခံ‌ဘောလုံးကစားနည်းများကို ကျွမ်းကျင်တတ်မြောက်စွာကစားနိုင်ရန် လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။

သင်တန်းဆင်းပွဲနေ့တွင် အကြီးတန်း၊ အငယ်တန်းခွဲ၍ ပြိုင်ပွဲများကျင်းပပေးခဲ့ရာ ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက အနိုင်ရရှိသည့် အသင်းများအား ဂုဏ်ပြုဆုလက်မှတ်များနှင့် တံခွန်စိုက်ဒိုင်းဆုများ၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)