လဟယ် မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံ English Grammar သင်တန်းနှင့်အခြေခံပန်းချီသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးရှားဆက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားပါသည်။ အခြေခံ EnglishGrammar သင်တန်းသို့ Grade-5 မှ Grade-12 ထိ ကျောင်းသား/သူ(၇၇)ဦး၊ အခြေခံပန်းချီသင်တန်းသို့ မူလတန်းအဆင့်ကျောင်းသား/သူ(၁၇)ဦး စုစုပေါင်းကျောင်းသား /သူ(၉၄)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ မတ်လ(၂၀မှ၃၁)ရက်အထိ သင်တန်းပို့ချသင်ကြား ပေးသွားမည် ဖြစ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂဒေသစီမံအုပ်ချုပ်ရေး အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့် ရုံးဝန်ထမ်းများ၊ သင်တန်းနည်းပြဆရာ/မများ၊ သင်တန်းသား/သူများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)