မိုင်းဖြတ်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့မှ စာဖတ်ဝိုင်း ကျင်းပ

မိုင်းဖြတ် မတ် ၂၀

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အနေဖြင့် လစဉ်စာဖတ်ဝိုင်းများကို ကျင်းပလျက်ရှိကြောင်း သိရသည်။ ​ယမန်​နေ့နံနက် ၁၀ နာရီအချိန်ကလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာ​ပေများကို ​လေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့​နောက် စာ​ရေးဆရာ ​ဒေါက်တာခင်​မောင်ညိုရေးသားသည့်  "လူငယ်နှင့်အ​ကောင်းဆုံး​သောဘဝကိုတည်​ဆောက်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရာ ဦးစီးအရာရှိ ​ဒေါ်​အေးဝင်းခိုင်က “လူငယ်နှင့်အမှား”​ခေါင်းစဥ်ဖြင့် ဖတ်ကြားခဲ့ပြီး စာ​ပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးမျိုးတင့်က  ​“အောင်မြင်ဖို့တည်​ဆောက်ခြင်းနှင့် အမြင်များ”​ခေါင်းစဥ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဦးအောင်မြတ်မိုးက “လူငယ်နှင့် စူးစမ်း​လေ့လာမှုများ​”​ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ​ဒေါ်မျိုးသီရိက “လူငယ်နှင့် သဘာဝဘေးအန္တရာယ်​”ခေါင်းစဥ်ဖြင့်လည်း​ကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်း​နောက် စာဖတ်ဝိုင်းသို့ တက်​​ရောက်လာကြသူများက စာ​​ပေများလေ့လာဖတ်ရှုခဲ့သည့်အ​ပေါ် မိမိတို့၏ ဘဝအ​တွေ့အကြုံများကို ပြန်လည်​ဆွေး​နွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)