မိုးညို မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်အတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်လစာငွေများကို လစဥ် (၂၁) ရက်နေ့၌ စတင်ထုတ်ပေးလျက်ရှိရာ မြို့နယ်အတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်လစာထုတ်ယူသူ ၁၁၃၈ ဦးရှိကြောင်း၊ ပင်စင်လစာငွေများကို မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လာရောက် မထုတ်ယူနိုင်သေးသူများကိုလည်း ရုံးဖွင့်ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
ကိုမင်း(ပြန်/ဆက်)