ညောင်ဦး မတ် ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရှေးဟောင်းသုတေသနပြတိုက်(ပုဂံ)၌ ပုဂံဟိုတယ် မဟာဗျူဟာ (Bagan Hotel Strategy Scoping Study, June 2020) မူကြမ်းအပြီးသတ်ရေးဆွဲနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)ကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပုဂံဟိုတယ်မဟာဗျူဟာ (Bagan Hotel Strategy Scoping Study, June 2020) မူကြမ်းအပြီးသတ် ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးညိုမြင့်ထွန်း၊ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းညွန့်တို့မှ အမှာစကားပြောကြားပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း ပုဂံဟိုတယ်မဟာဗျူဟာ (Bagan Hotel Strategy Scoping Study, June 2020) မူကြမ်းအပြီးသတ်ရေးဆွဲနိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ရှေးဟောင်းသုတေသနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အိရွှေစင်မြင့်က ပုဂံဟိုတယ်မဟာဗျူဟာ (Bagan Hotel Strategy Scoping Study , June 2020) မူကြမ်းအပြီးသတ်ရေးဆွဲနိုင်ရေး လုပ်ငန်းများဖြစ်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဟိုတယ်၊ တည်းခိုရိပ်သာများ၏ သတင်းအချက်အလက်နှင့်မှတ်တမ်းများကို Projeter Power Point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ဟိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များက ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဆွေးနွေးကြပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ပုဂံဟိုတယ်မဟာဗျူဟာ (Bagan Hotel Strategy Scoping Study, June 2020) မူကြမ်း အပြီးသတ်ရေးဆွဲနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဝင်းထွန်း၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းနှင့်ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ညောင်ဦးခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်စီမံအဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ဟိုတယ်၊ မိုတယ်၊ တည်း ခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း