သတင်းများ

မိုးညိုမြို့နယ်၌ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့်စွမ်းရည်မြှင့်သင်တန်းပို့ချ
Mar 25,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့်စွမ်းရည်မြှင့်သင်တန်းကို မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က (မိုးညို) နှင့် သခင်လှရှိန်ရပ်ကွက်ရှိ အ.လ.က (ခြံကြီးစု) ကျောင်းတို့တွင် ယနေ့နံနက် ၉ နာရီက သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။
ပန်းတနော်မြို့၌ ရှေးဟောင်းသမိုင်းဝင်ကျက်သရေဆောင် ရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ပိတ်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Mar 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်လုံးဆိုင်ရာ ရှေးဟောင်းသမိုင်းဝင် ကျက်သရေဆောင် ရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ၁၃၈၅ ခုနှစ်၊ တပေါင်းလ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ပိတ်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို တပေါင်းလပြည့်နေ့၊ မတ်လ ၂၄ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်မြို့နယ်အဆင့် ဆွေးနွေးပွဲအခမ်းအနားကျင်းပ
Mar 25,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
ဟုမ္မလင်းမြို့၌ (၇၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Mar 25,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာ (Community Center)ခန်းမတွင် (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးမှုကို မတ်(၂၅)ရက် နေ့နံက်(၁၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲကျင်းပ
Mar 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက စည်ပင်လမ်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 25,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၂၀ ရက်နေ့ ၁၁ နာရီအချိန်က လားရှိုးမြို့၊ ခရိုင်ပညာရေးမှူးရုံးတွင် ကျင်းပသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ပါဋ္ဌိပထမပြန် စာအောင်သံဃာတော်များအား ဆုချီးမြှင့်ဆက်ကပ်ခြင်းနှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ
Mar 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ၁၃၈၄ ခုနှစ် (၂၀၂၃) အား ဆုချီးမြှင့်ဆက်ကပ်ခြင်းနှင့် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို အမှတ် (၇) ရပ်ကွက်ရှိ သာသနာ့နုဂ္ဂဟသာသနာ့ဗိမာန်တော်ကြီးတွင် မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခွာညိုလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား
Mar 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Clean & Clean စီမံကိန်းရန်ပုံငွေဖြင့် Royal KTK Co.Ltd ကုမ္မဏီမှ မိုင်းတုံမြို့တွင်းလမ်းဖြစ်သော ခွာညိုလမ်းကို အရှည်(၂၆၀‌)ပေ၊ အကျယ်(၁၂)ပေ ထု(၆)လက်မ ရှိကွန်ကရစ်လမ်းခင်းခြင်းကို (၁၄.၀၁၀)သန်းဖြင့် ဦးဝဏ္ဏသိန်း(တာဝန်ခံအင် ဂျင်နီယာ)မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။