ဟုမ္မလင်းမြို့၌ (၇၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ဟုမ္မလင်း မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာ (Community Center)ခန်းမတွင် (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးမှုကို မတ်(၂၅)ရက် နေ့နံက်(၁၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန်းမဥ္ဇူအေးက အမျိုးသားအကျိုးစီးပွားအတွက် ပြည်သူ့တပ်မတော်နှင့် (၇၉)နှစ်မြောက်တပ်မတော် ဦးတည်ချက်များနှင့်ပတ်သက်၍ ဟောပြောခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်ရှိ လူငယ်များစုစုပေါင်း(၅၅)ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်းသိရ သည်။

ဟုမ္မလင်း(ပြန်/ဆက်)