မိုးညိုမြို့နယ်၌ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့်စွမ်းရည်မြှင့်သင်တန်းပို့ချ

မိုးညို မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့်စွမ်းရည်မြှင့်သင်တန်းကို မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က (မိုးညို) နှင့် သခင်လှရှိန်ရပ်ကွက်ရှိ အ.လ.က (ခြံကြီးစု) ကျောင်းတို့တွင် ယနေ့နံနက် ၉ နာရီက သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။

သင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်ပညာရေမှူး ဦးကြည်လင်က အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာ‌ရေးမှူး ဦးသန်းဌေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းအားဆက်လက်ပို့ချခဲ့ရာ မူလတန်းအဆင့်စွမ်းရည်မြှင့်သင်တန်းတွင် သင်တန်းသား ၈၀၀ ဦးအား နည်းပြ ၅၄ တို့က ဘာသာစုံပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး အလယ်တန်းအဆင့်စွမ်းရည်မြှင့်သင်တန်းတွင် သင်တန်းသား ၃၁၀ ဦးအား နည်းပြ ၂၀ ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်များအား ဆွေးနွေးပို့ချသွားမှာဖြစ်ကြောင်း၊ သင်တန်းကာလမှာ မတ်လ ၂၅ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့ထိပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)