ရွှေတောင် မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသင်တန်းအား မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းကို ကြီးကြပ် (၅) ဦး၊ သင်တန်းနည်းပြ (၅၆) ဦးဖြင့် သင်တန်းသား/ သူ (၈၅၁) ဦးအား အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ဆွေးနွေးသွားမည်ဖြစ်ပြီး အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းကို ကြီးကြပ် (၃) ဦး၊ သင်တန်းနည်းပြ (၁၁) ဦးဖြင့် သင်တန်းသား/ သူ (၂၃၂) ဦးအား အ.ထ.က( ကြာနီကန်) ကျောင်းဆွေးနွေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၅- ၃- ၂၀၂၄) မှ (၃၀-၃-၂၀၂၄) ထိ (၅) ရက်နေ့ထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)