ကမာရွတ်မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက ​လေ့ကျင့်ရေးအထက်တန်း​ကျောင်း(TTC) ပညာဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အမှတ်(၂) အ​ခြေခံပညာအထက်တန်း​ကျောင်းမှ ကင်းထောက်လူငယ်များက “ပြည်သူ့အတွက် အစဉ်အသင့်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး ကမာရွတ်ခရိုင် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကင်းထောက်သမိုင်းကြောင်း ဗီဒီယိုမှတ်တမ်းနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ ကင်းထောက်သင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့မှု မှတ်တမ်းတို့ကို ပြသသည်။

ယင်းနောက် ​လေ့ကျင့်​ရေးအထက်တန်း​ကျောင်းမှ ဗဟိုအဆင့်တွင် ဆုရရှိကြ​သော​ ကျောင်းသားလူငယ်များက ဝူရူးသရုပ်ပြသခြင်း တင်ဆက်ခဲ့ကြသည်။

ထို့နောက်  ကမာရွတ်ခရိုင် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌက ကင်းထောက်လူငယ်သင်တန်းတွင် ပါဝင်​ဖျော်​ဖြေ​ပေးခဲ့ကြ​သော လူငယ်များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အခမ်းအနား တက်ရောက်လာကြသူများနှင့် ကင်းထောက်ကျောင်းသားလူငယ်များက “ကင်းထောက်များရဲ့ရှေ့သို့ခြေလှမ်း” သီချင်းဖြင့် စုပေါင်းဂုဏ်ပြုသီဆိုခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး အဆိုပါသင်တန်းကို ​မေလ(၂၅)ရက်​နေ့မှ(၂၉)ရက်​နေ့ထိ ခရိုင်အတွင်းရှိ အ​ခြေခံ​ကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ(၁၂၀) ဦး တက်​ရောက်မည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)