မရမ်းကုန်း မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်းတိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ နံနက် (၈) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေ့ဦးစွာ ကင်းထောက်လူငယ်များက “ ပြည်သူ့အတွက်အစဉ်….အသင့် ”သီချင်းဖြင် ဂုဏ်ပြုသီဆိုပြီး မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကြည်ဝင်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကင်းထောက်လူငယ်သမိုင်းအကြောင်းကို (Vedio click) ဖြင့် ပြသခြင်း၊ ကင်းထောက်ကျောင်းသားလူငယ်များက “ ကင်းထောက်လူငယ်များ ရှေ့သို့ခြေလှမ်း’’သီချင်းဖြင် သံပြိုင်သီဆိုခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာ သည့်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ ဆရာ၊ ဆရာမများ၊ ကင်းထောက်လူငယ်များ ဖိတ်ကြားထားသည့် ဧည်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ယဉ်မော် (ပြန်/ဆက်)