ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ချမ်းမြသာစည်      ဧပြီ  ၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် အခမ်းအနားတစ်ခုအား အောင်မြင်ပြည့်စုံစွာ ပြီးမြောက်စေရန်နှင့် အခမ်းအနားမှူးတာ၀န်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ဒုတိယမြို့နယ်ပညာရေးမှူး ဦးရေခဲက အဖွင့်အမှာစကား ပြောကြားပြီးနောက်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်မြင့်မြင့်သန်းက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းအား ဖွင့်လှစ်သင်ကြားခဲ့သည်။

အဆိုပါသင်တန်းကို ဧပြီလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ စုစုပေါင်း (၃၄)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့