တောင်တွင်းကြီးမြို့နယ်တွင် မွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲနှင့် နို့ပေါင်းစက်အခြေပြု မြစိမ်းရောင် (နို့စားနွား) ဒုတိယအကြိမ် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကျင်းပ

တောင်တွင်းကြီး မေ ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲနှင့် နို့ပေါင်းစက်အခြေပြုမြစိမ်းရောင် (နို့စားနွား) ဒုတိယအကြိမ် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်က မြို့နယ်မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညဏ်သိန်းက မိတ်ဆက်အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးမိုးဝင်းက မွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မွေးမြူးရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မာမာအေးက နို့ပေါင်းစက်အခြေပြုမြစိမ်းရောင် (နို့စားနွား) ဒုတိယအကြိမ် ရန်ပုံငွေကျပ်သန်း (၃၀) အား နို့စားနွား မွေးမြူးရေးလုပ်ငန်းရှင်တစ်ဦးထံ လွှဲပြောင်းပေးအပ်သည်။

နောင်နောင် (ဗိဿနိုးမြေ)