ရွှေဘိုမြို့ပေါ်ရှိ KTV ဆိုင်များအား စစ်ဆေး

ရွှေဘို မေ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ပေါ်ရှိ KTV ဆိုင်များအား လိုင်စင်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်မှုရှိ/မရှိ စစ်ဆေးခြင်းကို မေလ ၁၅ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါရွှေဘိုမြို့နယ်အတွင်းရှိ KTV ဆိုင်များ စစ်ဆေးရေးအဖွဲ့သည် ရွှေဘိုမြို့ပေါ်ရှိ KTV ဆိုင်(၇)ဆိုင်သို့သွားရောက်၍ တရားဝင်ဖွင့်လှစ်ခွင့် KTV လုပ်ငန်းလိုင်စင် ရှိ/မရှိ၊ စည်ပင်သာယာရေး လုပ်ငန်းလိုင်စင် ရှိ/မရှိ၊ ယစ်မျိုးလိုင်စင် ရှိ/မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို ရှောင်တခင်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆောင်ရွက်ထားရှိရန် အကြံပြု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်ထွန်းခိုင်(ပြန်/ဆက်)