တောင်တွင်းကြီး မေ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းမိုးထိုက်နှင့် တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်တွင် သဘာဝဘေးကြောင့်ပျက်စီးသွားသည့် လမ်း၊ တံတားများကို ပြန်လည်ဆောင်ရွက်ထားရှိမူ အခြေအနေများအား မေလ ၁၄ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်မိုးထိုက်နှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများနှင့်အတူ၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် တောင်တွင်း-မကွေးကားလမ်းမှ အင်ကုန်းလမ်းပေါ်ရှိ ကွန်ကရစ်တံတားနေရာအား ယာယီတံတား ဆောင်ရွက်ထားရှိမူ အခြေအနေများကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် တည်တောကျေးရွာအုပ်စု၊ အောင်မြင်ကုန်းကျေးရွာအနီးရှိ ရန်ပယ်ချောင်းကူးတံတား ရေတိုက်စားမူကြောင့် ချဉ်းကပ်လမ်း အနည်းငယ်ပျက်စီးမှုအားလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)