သတင်းများ

သာပေါင်းမြို့နယ် မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများက ပရိတ်တရားတော်နာယူကြည်ညိုပြီး ဆိုင်းဘုတ်တင် အခမ်းအနားကျင်းပ
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြေစာရင်းဦးစီးဌာန၊ ဝန်ထမ်းမိသားစုများက ပရိတ်တရားတော်များနာယူကြည်ညိုကြပြီး ဆိုင်းဘုတ်တင်အခမ်းအနားကို ယမန်နေ့ဧပြီလ ၁ ရက်နေ့၊ နံနက် ၆ နာရီအချိန်က စတင်ကျင်းပခဲ့ကြသည်။
မိုင်းဖြတ်မြို့နယ်၌ ပန်းအလှထိုးနည်း အ​ခြေခံ ရက်တိုသင်တန်းဖွင့်လှစ်
Apr 02,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ​နွေရာသီပန်းအလှထိုးနည်းအ​ခြေခံရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအား ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ ဌာနအမည်ပြောင်းလဲခြင်းနှင့် ရုံးဆိုင်းဘုတ်တင်ပွဲပြုလုပ်
Apr 02,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနအား မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ ၂၀၂၄ ခုနှစ်၊ ဧပြီ(၁)ရက်နေ့မှ စ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်‌‌ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ မြေစာရင်းဦးစီးဌာနရုံးတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအား ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ ဌာနအမည်ပြောင်းလဲခြင်းနှင့် ရုံးဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့ ဦးအောင်ဇေယျာဘုန်းကြီးကျောင်း၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဦးအောင်ဇေယျာဘုန်းကြီးကျောင်း၌ မိုင်းတုံမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး‌ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်း ဦးဆောင်၍ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဖွင့်လှစ်ခဲ့သည် ။
လိပ်သိုဒေသ မရမ်းသီးထွက်ရှိရာ ကျေးရွာအချို့တွင် ဒေသခံများ မရမ်းသီးအခြောက် ပြုလုပ်ရောင်းချ
Apr 02,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ မရမ်းသီးထွက်ရှိရာ ကျေးရွာအချို့၌ ရာသီပေါ်ချိန် မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိနေပြီး ပေါ်ဉီးစတွင် ဈေးကောင်းရရှိခဲ့သော်လည်း ယခုအခါ ဈေးနှုန်းများ ကျဆင်းလာသဖြင့် မရမ်းသီး စိုက်ပျိုးထားသူ ဒေသခံများက မရမ်းသီးများကို အသီးအတိုင်း မရောင်းချတော့ပဲ ထက်ခြမ်းခွဲ၍ အခြောက်လှန်းကာ ပြန်လည်ရောင်းချလာကြကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် တရားမဝင်ကုန်ပစ္စည်းများ တားဆီးဖမ်းဆီးနိုင်ရေး ရှောင်တခင်စစ်ဆေးခြင်း ဆောင်ရွက်
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တရားမဝင်ကုန်ပစ္စည်းများ တားဆီးဖမ်းဆီးနိုင်ရေး ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က မိုင်းယောင်း-မိုင်းယုသွား လမ်းမပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ ရွှေတီဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့် စေတီတော်မြတ်ကြီ၏ (၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
Apr 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  အမှတ်(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော ရွှေတီဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့် စေတီတော်မြတ်ကြီး၏(၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီလ ပထမအပတ်တွင် ကျင်းပမည် ဖြစ်ကြောင်းသိရသည်
စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပုံတူပန်းချီ ပြိုင်ပွဲကျင်းပ
Apr 02,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များအား ဖိတ်ခေါ်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်/လူရွယ်လေးများ ဖြစ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွားအသုံးချတတ်စေရန်ရယ်ရွယ်ကာ အခြေခံပန်းချီသင်တန်းဖွင့်လှစ်ပေးခဲ့ပြီး ပုံတူပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။