သာပေါင်းမြို့နယ် မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများက ပရိတ်တရားတော်နာယူကြည်ညိုပြီး ဆိုင်းဘုတ်တင် အခမ်းအနားကျင်းပ

သာပေါင်း ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြေစာရင်းဦးစီးဌာန၊ ဝန်ထမ်းမိသားစုများက ပရိတ်တရားတော်များနာယူကြည်ညိုကြပြီး ဆိုင်းဘုတ်တင်အခမ်းအနားကို ယမန်နေ့ဧပြီလ ၁ ရက်နေ့၊ နံနက် ၆ နာရီအချိန်က စတင်ကျင်းပခဲ့ကြသည်။

ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ နံနက် ၆ နာရီအချိန်က သာပေါင်းမြို့နယ် မြေစာရင်းဦးစီးဌာန၊ ဝန်ထမ်းမိသားစုများက ငါးပါးသီလနှင့်ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ဆွမ်းနှင့်လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ ယနေ့ ဧပြီလ ၁ ရက်မှစတင်၍ ပြောင်းလဲပြင်ဆင် သတ်မှတ်ခြင်းဖြစ်ရာ သာပေါင်းမြို့နယ် မြေစာရင်းဦးစီးဌာနအမည်ဖြင့် ဆိုင်းဘုတ်တင် အခမ်းအနားကို မြို့နယ်မြေစာရင်းဦးစီးဌာန၊ ဦးစီးအရာရှိဦးဟိန်းမြတ်သူ၊ ဒုတိယဦးစီးမှူး ဦး‌ကျော်ကျော်ဦးတို့က နံနက် ၈ နာရီခွဲအချိန်က ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ဆိုင်းဘုတ်တင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)