မိုင်းဖြတ်မြို့နယ်၌ ပန်းအလှထိုးနည်း အ​ခြေခံ ရက်တိုသင်တန်းဖွင့်လှစ်

မိုင်းဖြတ် ဧပြီ ၂

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ​နွေရာသီပန်းအလှထိုးနည်းအ​ခြေခံရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးဝင်းခိုင်က သင်တန်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း​​ပြောကြားခဲ့သည်။ ထို့​နောက် နည်းပြဆရာမများက ​​ပန်းအလှဆင်နည်းအမျိုးမျိုးတို့ကို လက်တွေ့သင်ကြားပြသခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ​ရေစိုခံ​ဖော့ဖြင့် အလှူပွဲ ၊ မင်္ဂလာပွဲများတွင် အသုံးပြုအလှဆင်​လေ့ရှိကြသည့်ပန်းအလှဆင်နည်းများ၊ ​ငွေစက္ကူကိုအသုံးပြု၍ လက်​ဆောင်ပန်းစည်း ဒီဇိုင်းအမျိုးမျိုးပြုလုပ်နည်းများကို သင်ကြား​ပေးသွား​ပေးမည်ဖြစ်ပြီး သင်တန်းသို့ စိတ်ပါဝင်စားသူ အမျိုးသမီးများ တက်​ရောက်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)