ရန်ကုန် မေ ၁၆
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ တက္ကသိုလ် ဆရာ၊ ဆရာမများ သုတေသနစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးမြင့် အသုံးချသုတေသနများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ သုတေသနလုပ်ထုံး လုပ်နည်းဆိုင်ရာ ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သန်လျင်မြို့ရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် ခေတ္တပါမေက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မနုဿဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာစန္ဒာအောင်က ပညာရပ်ဆိုင်ရာ သုတေသနရေးသားနည်းအကြောင်းဟောပြောပို့ချသည်။
အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံ(ဌာနမှူး)များနှင့် ဘာသာရပ်(၁၉)ဌာနမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)