ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်လှစ်

မန္တလေး ဧပြီ ၂

၂ဝ၂၄ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အောင်​မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ၈၂လမ်း၊ ၂၄×၂၅ လမ်းကြား၊ အမှတ် (၈)အခြေခံပညာအထက်တန်းကျောင်းရှိ ဧသီဒါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးအောင်က သင်တန်းအဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်တာဝန်ရှိသူများနှင့် တက်ရောက် လာသူများ၊သင်တန်းသား၊သင်တန်းသူများအား "မနီ _ ပြုံးနိုင်ပြီ" စာတတ်မြောက်ရေး ဇာတ်လမ်း Video Clip ကို ဖွင့်လှစ်ပြသသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦအောင်ကျော်မိုး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူများ၊ စာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ သင်တန်းနည်းပြများ၊ ကြီးကြပ်ရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၂၅၀ ဦးခန့်တက်ရောက်ကြသည်။

အဆိုပါသင်တန်းတွင် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသားဆရာ/ဆရာမ ၂၀၀ ဦး တက်ရောက်ကြပြီး ၁.၄.၂၀၂၄မှ ၃.၄.၂၀၂၄ ရက်နေ့ထိ နေ့စဥ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)