မတ္တရာမြို့နယ်၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

မတ္တရာ  ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ၂ဝ၂ခုနှစ် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များ အောင်လက်မှတ်များ ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်  နာရီက မတ္တရာမြို့နယ် အောင်မြေသုခကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဗဟိုဝန်ဆောင် မြို့ဒင်ကျောင်းတိုက် ဆရာတော်ထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များမှ ပထမကြီးတန်းအောင် (၁၉)ပါး၊ ပထမလတ်တန်းအောင်(၁၇)ပါး၊ ပထမငယ်တန်းအောင်(၃၄)ပါးနှင့် အခြေပြုမူလတန်းအောင် (၃၈)ပါး စုစုပေါင်း ရဟန်း/သာမဏေ (၁၀၈) ပါးတို့အား အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်လာသော ဆရာတော်သံဃာတော်တို့အား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများကို ကပ်လှူခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ဗဟိုဝန်ဆောင် အောင်ကံသာကျောင်း ဆရာတော်မှ ဩဝါဒကထာနှင့် ရေစက်ချ အနုမောဒနာတရား ဟောကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

၂၀၂၄ ခုနှစ် ပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း၌ ရဟန်းရှင်(၄)ပါး၊ ပထမလတ်တန်း ရဟန်းရှင် (၄၇)ပါး၊ ပထမငယ်တန်းတွင် ရဟန်းရှင်(၅၉)ပါး၊ အခြေပြု မူလတန်းတွင် ရဟန်းရှင်(၉၈)ပါး စုစုပေါင်း (၂၄၁)ပါး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)